ချိုမိုလန်းမားတောင် ၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံးချိုမိုလန်းမား တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ပေကို အတိအကျပြန်လည်တိုင်းတာရန်အတွက် နိုင်ငံတော်မှ အထူးစေလွှတ်ခြင်းခံရသော ယင်းပညာရှင်အဖွဲ့သည် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ကို အစပြုလိုက်ခြင်းဖြစ်ကြောင်း တောင်တက်အဖွဲ့၏ မြေပြင်အခြေစိုက်စခန်းမှ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။(Xinhua)
ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံအရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ တတိယအကြိမ်မြောက်အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို မေ ၂၇ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေး၊ မေ ၂၇ ရက် (ဆင်ဟွာ) COVID-19 ရောဂါပိုး ဓာတ်ခွဲ စစ်ဆေးမှုများကို မန္တလေးမြို့၌ မေ ၂၉ ရက်မှစတင် လက်ခံကာ RT-PCR (Reverse Transcription Chain Reaction)စက်နှစ်လုံးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ဓာတ်ခွဲ နမူနာ ၂၇၀ ခု ကို...
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေက “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အဓွန့်ရှည်တည်တံ့ အောင်မြင်စေလိမ့်မည်ဖြစ်ကြောင်း နှင့် လျှင်မြန်စွာပြဋ္ဌာန်းရန်လိုအပ်ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ကော်မရှင်နာမင်းကြီး ရှဲ့ဖန် က ပြောကြားလိုက်သည်။ (Xinhua)