ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) မြန်မာ ယူ-၁၈ ဘောလုံးအသင်းသည် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ယခုလလယ်ပိုင်းတွင် စတင်ပြင်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
မက္ကဆီကိုစီးတီး၊ မေ ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မိုရီလို့စ်ပြည်နယ်တွင် အကျဉ်းထောင်ဝန်ထမ်းများအား တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး မေလ ၁၀ ရက်က တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၄ ဦး သေဆုံးပြီး အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအစိုးရက ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ အကျဉ်းထောင်အတွင်း တားမြစ်ပစ္စည်းဖြစ်သည့် ဖုန်းဟန်းဆက် သွင်းယူသူများအား ရွှေဘိုမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘန်ကောက်၊ မေ ၁၁ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha) က ထိုင်းနိုင်ငံ ဘုရင် မဟာ ဗီဂျီရာလောင်ကွန်း(Maha Vajiralongkorn) ထံသို့ အထက်လွှတ်တော်အမတ်၂၅၀ ၏ စာရင်းအား တင်ပြပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရ၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Thaksada Sangkhachan က မေလ ၁၀ ရက်တွင်...