ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ပျောက်ဆုံးနေသည့် တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား အဆက်အသွယ်ပြတ်တောက်ခဲ့သည့် စက်တင်ဘာ ၅ ရက်နံနက်ပိုင်းမှ ယခုအချိန်အထိ လေယာဉ်ပျံသန်းရာလမ်း ကြောင်းတစ်လျှောက်တွင် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်းကောင်း၊ မြေပြင်တပ်များနှင့်လည်းကောင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိ ကြောင်း တပ်မတော် ကာကွယ်ရေး...
နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး နယ်မြေ တည်ငြိမ် အေးချမ်းရေး အပါအဝင် အစိုးရအဖွဲ့က ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ယနေ့နေ့လယ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ရှင်းလင်း ပြောကြားခဲ့ သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှုမရှိခဲ့ကြောင်း အများပြည်သူ ထင်မြင်လွဲမှားမှု မရှိစေရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ပြည်သူများအကြား စိုးရိမ်ပူပန်မှုများမဖြစ်စေရန်နိုင်ငံတော်ရှိ ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေးအခြေအနေများကို အားလုံးဝိုင်းဝန်းပြီးညှိနှိုင်းဆောင်ရွက်နေကြကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ရှမိန်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုလမ်းကြောင်းတွင် ပိုမိုပါဝင်သင့်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့က ရှမိန်မြို့တွင် ပြုလုပ်သော ပေါ်ထွန်းစ ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆွေးနွေးပွဲ ထိပ်သီး အစည်းအဝေး တွင်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)