ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) Yangon Investment Forum 2018 (ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ) ကို ရန်ကုန်မြို့ ရှိ နိုဗိုတယ်ဟိုတယ်တွင် ယနေ့ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းမှ မောင်းထု၍ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အားဖွင့်လှစ်ပေးခဲ့သည်။
ကဘူးလ်၊ မေ ၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ယနေ့ (မေလ ၉ ရက်က) အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဂျာကာတာ၊ မေ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမြို့ အစွန်အဖျား ရှိ အကျဉ်းထောင်တစ်ခုတွင် စစ်သွေးကြွ အကျဉ်းသားများ နှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ဦး နှင့် အကျဉ်းသား တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) မိတ္ထီလာမြို့၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ၊ တောင်ကြီး-မိတ္ထီလာ ကားလမ်းမပေါ် ရထားသံလမ်းကူးအနီးတွင် ခရီးသည်တင် မော်တော်ယာဉ်အားရှာဖွေရာ ကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုင်ယွန်၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေစူးစမ်းရှာဖွေရေး စီမံကိန်း ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Gaofen-5 ရောင်စဉ်တန်းရိုက်ကူးရေး ဂြိုလ်တုအား မေ ၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။