ပေကျင်း ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်က ဇွန်လ ၁ ရက်နေ့မှစ၍ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် မက္ကစီကို နိုင်ငံများအား သံမဏိနှင့်အလူမီနီယံခွန်စည်းကြပ်မည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်လာသည်။ ဝါရှင်တန်၏ ဤလုပ်ရပ်မှာ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ပျက်စီးစေမည့်အန္တရာယ်များ ထပ်တိုးစေသောကြောင့် နိုင်ငံတကာက စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေကြသည်။
နယူးဒေလီ ၊ ဇွန် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံက နျူကလီးယားထိပ်ဖူးတပ်ဆင် ပစ်လွှတ်နိုင်သည့် မြေပြင်မှမြေပြင် တိုက်ချင်းပစ် ဒုံးကျည် Agni-5 ကို Odisha ပြည်နယ် တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာက ယနေ့တွင် သတင်းရေးသားဖော်ပြခဲ့သည်။(Xinhua)
ကျဲ့ကျန်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်(Zhejiang) ၊ ဟန်ဇူးမြို့နယ်( Hangzhou) ၊ ဟုန်းချီကျေးရွာ (Hongqi) တွင် ဇွန်လ ၂ ရက်က ကောက်စိုက်ပြိုင်ပွဲ တစ်ခုကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားရသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရန် မဟာဗျူဟာ စီမံချက် ရေးဆွဲ နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်၏ ဦးဆောင်မှုဖြင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူမှု ဝန်ထမ်း ၊...
ကိုင်ရို ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံသမ္မတ ဖာတာအယ်လ်စီစီ(Fattah al-Sisi) သည် ဒုတိယသက်တမ်းအဖြစ် ၂ဝ၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရန် ဇွန်လ ၂ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း နိုင်ငံပိုင် Nile ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်ခဲ့သည်။