နယူးဒေလီ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်၌ ယနေ့နံနက်ပိုင်း (အောက်တိုဘာ ၄ ရက်) တွင် ဂလိုက်ဒါလေယာဉ်ငယ် တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ အိန္ဒိယရေတပ်(IN) မှ အရာရှိနှစ်ဦး သေဆုံးခဲ့ကြောင်း နယူးဒေလီမြို့ရှိ ရေတပ်အရာရှိ(IN) သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ စစ်ဆေးရုံတစ်ခုတွင် COVID-19 ရောဂါအတွက် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် “ ပို၍နေကောင်းလာကြောင်း” အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့ပြီး ၎င်း၏ကျန်းမာရေးအခြေအနေနှင့်ပတ်သတ်၍ လာမည့်ရက်များတွင် “ စမ်းသပ်မှုအမှန်တကယ်ဖြစ်လာမည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ပြီးခဲ့သော နောက်ဆုံး ၂၄ နာရီအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါဖြင့် သေဆုံးသူ ၅၉၉ ဦးထိ ရှိခဲ့ကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း သေဆုံးသူစုစုပေါင်း ၁၄၅,၉၈၇...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ Stay at Home ကာလ အတွင်း ဖွင့်လှစ်လည်ပတ်ရန် ခွင့်ပြုထားခြင်းမရှိသည့် စက်ရုံ၊ အလုပ်ရုံများ ၊ ကုမ္ပဏီများ၊ လုပ်ငန်းများမှ ဝန်ထမ်းများ၊ အလုပ်သမားများအား လုပ်ခလစာပေးနိုင်ရေးအတွက် လိုအပ်သည့် တွက်ချက်မှုများ ပြင်ဆင်ဆောင်ရွက်နိုင်ရန်...