ရာဘတ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ၏ ရေတပ် ၏ ကမ်းခြေစောင့်တပ်သည် မြေထဲပင်လယ်ထဲမှ ရွှေ့ပြောင်းဒုက္ခသည် ၃၆၇ဦးအား ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကယ်တင်နိုင်ခဲ့ကြောင်း မော်ရိုကိုတပ်မတော်မှ ပြောကြားသည်။
ဂျကာတာ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာ ဘာရတ်ပြည်နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်၌ ပြင်းအား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ သို့သော် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။
လန်ဒန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) မှ သဘောတူညီချက်တစ်ခုမရရှိဘဲနှင့် အီးယူမှ ဗြိတိန်ထွက်ခွာခဲ့ပါက ပြည်သူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဒီဇင်ဘာလ ၂၇ ရက်တွင် သတိပေးလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရုံးပိတ်ရက် လေးရက်ဖြစ်သော နှစ်ကူးကာလအတွင်း နေရပ်ဒေသအသီးသီး သို့ ပြန်ကြမည့် ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန် နေပြည်တော်-ရန်ကုန်နှင့် ရန်ကုန်-မန္တလေးခရီးစဉ်များအတွက် အထူး ရထားတွဲဆိုင်းများကို...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများတွင် နိုင်ငံတကာအဆင့် အရေးပါပြီး ရမ်ဆာဒေသအဖြစ် သတ်မှတ်ကာကွယ်နိုင်သည့် ရေဝပ်ဒေသများ များစွာရှိကြောင်း၊ ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင်ပညာရှင်များ၏ ဖော်ထုတ်ချက်အရ စုစုပေါင်း ရေဝပ်ဒေသ ၁၀၀ ကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကနဦးမူကြမ်းအဖြစ် ရှာဖွေထားရှိကြောင်း သယံဇာတနှင့်...