ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အိမ်၊ခြံ၊မြေ၊တိုက်ခန်းစံနှုန်းများအားယခုနှစ်မေလအတွင်း စိစစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မှတ်တိုင်၌ မရပ်သော ဘတ်(စ်)ကားများ၊ ဘတ်(စ်)ကား မှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxiနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (JMC Conference) ကို ယနေ့ ရန်ကုန်မြို့၌ စတင်ကျင်းပလျက် ရှိကြောင်း သိရသည်။
ဝါရှင်တန် ၊ မေလ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် active shooter ဟူခေါ်သော “တက်ကြွ လှုပ်ရှားနေသည့် သေနတ်ကိုင် သမားများ”က လူသူစုဝေးသည့်နေရာများတွင် ဖြစ်ပွားသော သေနတ်ကိုင် ပစ်ခတ်မှုများ တိုးမြင့်လာ သောကြောင့် ယခု ၂ နှစ်အတွင်း သေဆုံးဒဏ်ရာရသူ ၁ ထောင် နီးပါးရှိပြီ...
ဝါရှင်တန်၊ မေ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုဆလင်မြို့ရှိ အမေရိကန်သံရုံးဖွင့်ပွဲ အတွက် အစ္စရေးသို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့အား မေ ၇ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။