ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဆီးရီးယား နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များအား ယခင်က အလျှင်အမြန် ရုပ်သိမ်းမည်ဟု ယူဆရသော်လည်း ဖြည်းဖြည်း ချင်းသာ ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁...
လန်ဒန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ ဗစ်တိုးရီးယားဘူတာရုံတွင် ဒီဇင်ဘာလ ၃၁ ရက်ညက ရဲအရာရှိတစ်ဦး အပါအဝင် လူ ၃ ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မနီလာ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Mindanaoဒေသ Cotabatoမြို့ရှိ shopping mall တစ်ခု၏ဝင်ပေါက်တွင် ဒီဇင်ဘာ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
တိုကျို၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘူယာရပ်ကွက်၌ နှစ်သစ်ကူး အစောပိုင်းအချိန်က အမျိုးသားတစ်ဦးသည် အကြမ်းဖက်တိုက်ခိုက်မှုဟုယူဆရသော လမ်းသွားလမ်းလာများအား ကားဖြင့် ဝင်တိုက်ခဲ့မှုတစ်ခုဖြစ်ခဲ့ရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဇန်နဝါရီလ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။