အတွင်းမွန်ဂိုလီးယား၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ Bayannur တွင် နေကြာပန်းများလှိုင်လှိုင်ပွင့်လန်းလျက်ရှိရာ ယင်း ပန်းအလှရှုခင်းများသည် ခရီးသွားများအား စွဲဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
လော့အိန်းဂျလိစ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၌ လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က မိုးကြိုးပစ်ခံရာမှတစ်ဆင့် တောမီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၈ ရက် နံနက်ပိုင်းထိ မြေဟက်တာ ၂၀,၀၉၈ (၈၁.၃ စတုရန်း ကီလိုမီတာ) ထိ မီးလောင်ကျွမ်းသွားခဲ့ပြီး လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စင်ကာပူ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံသားများအနေဖြင့် စီးပွားရေး ဆိုးဝါးစွာ ဆုတ်ယုတ်လာမှုကို ရင်ဆိုင်ဖြေရှင်းရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက ဩဂုတ် ၉ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဝူးလူမုချီ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၁၅ ဦးရှိပြီး လက္ခဏာမပြ ရောဂါကူးစက်သူ မရှိကြောင်း၊၎င်းတို့အားလုံးသည် ဝူးလူမုချီမြို့မှ ဖြစ်ကြောင်း ယင်းဒေသ ကျန်းမာရေးကော်မရှင်၏ နောက်ဆုံး...