ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင်စစ်ဆေးခဲ့ရာ စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ပြီး ပြင်ဆင်ရန် ညွန်ကြားခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဟန်ကျိုး၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ကျင်းပနေသည့် စက်ရုပ်ထိပ်သီးပြပွဲတွင် မေလ ၉ ရက်က တန်ဖိုးအားဖြင့် ယွမ် ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံ) ကျော်ရှိသော ရင်းနှီးမြှုပ်နံှမှု စီမံကိန်း သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကာရာကာ့စ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန် အစိုးရ၏ ပိတ်ဆို့အရေးယူများကြောင့် ဗင်နီဇွဲလား နိုင်ငံ၌ ပိုမို များပြားသည့် ကလေးငယ်များမှာ အန္တရာယ်များဖြင့် ကြုံတွေ့နေရကြောင်း ဗင်နီဇွဲလား အမျိုးသား လူ့အခွင့်အရေး ကောင်စီ၏ အမှုဆောင် အတွင်းရေးမှူးက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ၁၈၈၂ ခုနှစ်တွင် ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သော ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်း၏ ရုရှားသံရုံးရှေ့တွင်ရှိသည့် ပဲခူးကလပ် အဆောက်အအုံအား ရန်ကုန်မြို့ ပြအမွေအနှစ်တစ်ခု အဖြစ် ယခုလကုန်တွင် အပြာရောင်ကမ္ပည်းပြားတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ၁၁ ကြိမ်မြောက် အဆင့်မြင့် ဆွေးနွေးညှိနှိုင်းမှုများအတွက် မေလ ၉ ရက်က ဝါရှင်တန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။