အန်ကာရာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၁၉နှစ်တွင် တူရကီနိုင်ငံသို့ လာရောက်လည်ပတ်ရန် သဘောတူခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Ibrahim Kalin က ဒီဇင်ဘာ ၂၄ရက်တွင်ကြေညာခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ပထဝီအနေအထားအရ အားသာချက်များကို အသုံးချ၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက တိုက်တွန်းပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်(၃၈၉/၁-၂)ကြား ဒီဇင်ဘာ ၂၄ ရက်က ယာဉ်တိုက်မှုကြောင့် ၄ဦးသေပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဆီးရီးယားမှ အမေရိကန်စစ်တပ်ရုပ်သိမ်းခြင်းသည် အီရတ်အတွက် အနုတ်လက္ခဏာသက်ရောက်မှု ရှိသည်ဟု အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdiက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင်ရှိသော လက်နက်ပမာဏအားလုံး၏ ၆၁.၅ ရာခိုင်နှုန်းမှာ ခေတ်မီလက်နက်များအဖြစ်သို့ရောက်ရှိပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဆာဂျီရှိုဂူ(Sergei Shoigu) က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။