ဝါရှင်တန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲ၌ ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သေနတ်သမားကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social ဆိုရှယ်မီဒီယာ၌ ပို့စ်တင်၍ အတည်ပြုခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံ နေပြည်တော်တွင် ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သမ္မတအသစ် ဦးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ဧပြီ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာအတွင်း၌ စက္ကူပေါ်တွင် စုတ်တံရေးချက်အသံများက ငြိမ်သက်အေးချမ်းသော တေးဂီတတစ်ခုသဖွယ် အခန်းတွင်း၌ စည်းချက်ကျကျ ထွက်ပေါ်လျက်ရှိသည်။ သင်တန်းသားများက အဖြူရောင်စာရွက်များပေါ်တွင် ကိုယ်ကို ကိုင်းညွှတ်ကာ စိတ်ရှည်ရှည်နှင့် ထိန်းချုပ်၍ လက်ရေးတစ်ချက်ချင်းစီကို ဂရုတစိုက် အာရုံစိုက်ရန် လိုအပ်သော တရုတ်လက်ရေးလှပညာကို...
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှာ နည်းပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုအင်ဂျင်နှစ်ခု၏ မောင်းနှင်အားဖြင့် သုတေသနရလဒ်များကို လက်တွေ့ထုတ်လုပ်မှုအဖြစ်သို့ ထိရောက်စွာ ပြောင်းလဲပေးလျက်ရှိသည်။ ၎င်းပြည်နယ်သည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွင် တစ်ဟုန်ထိုးတိုးတက်မှုကို ရရှိခဲ့ပြီး တိုးတက်မှုဆိုင်ရာ မောင်းနှင်အားအသစ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။...