မက္ကဆီကို၊ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအလယ်ပိုင်း Puebla ပြည်နယ်အုပ်ချုပ်ရေးမှူး မာသာအီရီကာအလွန်ဆို(Martha Erika Alonso) နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ယခင်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရာဖေးလ်မိုရီနိုဗယ်လီ(Rafael Moreno Valle) တို့သည် ဒီဇင်ဘာ ၂၄ ရက်က ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့ကြကြောင်းသိရသည်။ မက္ကဆီကိုနိုင်ငံသမ္မတ လိုပက်ဇ်အော့ရာဒေါ(Andres Manuel Lopez Obrador)...
ဟာပင်း၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် ဟာပင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟာပင်း ရေခဲနှင်းကမ္ဘာပြပွဲကို ယခုနှစ်တွင်လည်း ဆက်လက်ခင်းကျင်းပြသရန်စီစဉ်လျက်ရှိသည်။ ဧရိယာစတုရန်းမီတာပေါင်း ၆ဝဝဝ ကျော်အကျယ်အဝန်းတွင် ခင်းကျင်းပြသမည့်အဆိုပါပြပွဲမှာ ကမ္ဘာ့အကြီးဆုံး ရေခဲနှင်းကမ္ဘာတစ်ခုလည်းဖြစ်သည်။ အဆိုပါပြပွဲတွင် ရေခဲရုပ်တုကြီးပေါင်း ၁ဝဝ ကျော်ကိုဖန်တီးရန်အလုပ်သမားများက ရက်ပေါင်း ၂ဝ ကျော်ကြာ...
နီကိုဆီးယား၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်တပ်ဖွဲ့များ ဆီးရီးယားနိုင်ငံမှ ပြန်လည် ရုပ်သိမ်းမည်ဖြစ်၍ ဒုက္ခသည်များ နိုင်ငံအတွင်း ဝင်လာမည့်အရေးကို ပြင်ဆင်ထားကြောင်း လက်ရှိ အစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပရိုဒရိုမိုစ် ပရိုဒရိုမို့စ်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၉,၃၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) နှစ်ကုန်ခါနီးအခါသမယတွင် တရုတ်နိုင်ငံမှ အားတက်စေမည့် မင်္ဂလာသတင်းစကားနှစ်ခုအား ကြား သိရသည်။ ပထမတစ်ခုက တရုတ်နိုင်ငံ၏ ၂၀၁၈ ခုနှစ် သွင်းကုန်ပမာဏသည် သမိုင်းစံချိန်သစ် အဖြစ် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကိုကျော်လွန်သည်အထိ တိုးပွားလာနိုင်မည်ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကြားသိရသည့်သတင်းဖြစ်သည်။ ဒုတိယတစ်ခုကတော့ ဒုတိယအကြိမ်...