ကင်ရှာဆာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်း South-Kivuပြည်နယ်ရှိ ရွေးကောက်ပွဲမဲရုံတစ်ခုတွင် ဒီဇင်ဘာ ၃၀ ရက်က အရပ်သားနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အကြား ပဋိပက္ခဖြစ်ပွားရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်လွတ်လပ်သောရွေးကောက်ပွဲကော်မရှင် (IEC) သည် နိုင်ငံ၏ လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် ကျင်းပမည့် ရက်အသစ်ကို ဇူလိုင် ၂၀ရက် အဖြစ် သတ်မှတ်ခဲ့ကြောင်း IEC တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။
မနီလာ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေ သည် ၅၀ဦးအထိ မြင့်တက်လာကြောင်း အစိုးရသဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။
တိုကျို၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) နိုင်ငံပေါင်း ၁၁ နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားသည့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် (CPTPP)သည် ဒီဇင်ဘာ ၃၀ ရက်တွင် တရားဝင် စတင် အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။
နယူးယောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Kota Ternate မြို့ အနောက်မြောက်ဘက် ၁၃၇ကီလိုမီတာ အကွာ၌ ဒီဇင်ဘာ ၃၀ ရက် ဂရင်းနစ်စံတော်ချိန် ၁၈း၃၄း၅၇နာရီတွင် အင်အား ၅.၀ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။