ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၆ ကျောင်း ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဦးဆောင် ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Ural တောင်တန်းများအနီး Perm ဒေသ တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် မိုင်းတွင်းတစ်ခု ၌ မိုင်းလုပ်သား ၉ဦးပိတ်မိနေကြောင်း မိုင်းတွင်းပိုင်ရှင် က ဒီဇင်ဘာ ၂၂ရက်တွင်ပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန် စစ်တပ်ရှိနေခြင်းသည် ဒေသတွင်းမတည်မငြိမ်ဖြစ်ရသည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက က ဒီဇင်ဘာ ၂၂ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးတွင် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် သေဆုံးသူသည် ၁၅ ဦးအထိရှိပြီး အခြားဒဏ်ရာရသူ အများအပြား ရှိကြောင်း ဆိုမာလီယာအရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် မီးတောင်ပေါက်ကွဲရာမှ ဖြစ်ပွားခဲ့သည့် ဆူနာမီရေလှိုင်းရိုက်ခတ်မှု ကြောင့် သေဆုံးသူ ၆၂ဦးထိရှိလာခဲ့ပြီး ဒဏ်ရာရသူ ၅၈၄ဦးထိရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဒီဇင်ဘာ ၂၃ရက်တွင်ဖော်ပြခဲ့သည်။