တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေဒီစနစ်ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ မှတ်တိုင်ဖြစ်တာမို့ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲအောင်မြင်အောင် တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားပြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးပြီး ရွေးကောက်ပွဲမှာ လက်နက်ကိုင် ဖိအားပေး မဲထည့်ခိုင်းတာတွေ၊ လက်နက်နဲ့ ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေကို...
ရန်ကုန်၊ မတ် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် ယခုနှစ်တွင် ၆၅ နှစ်ပြည့်ပြီဖြစ်ပြီး ကိုးကန့်ကိစ္စကြောင့် နှစ်နိုင်ငံဆက်ဆံရေး နောက်ဆုတ်နိုင်သည်ဆိုသည့် ကောလာဟာလသည် မှန်ကန်မှု မရှိကြောင်း အငြိမ်းစားနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ဆင်ဟွာသို့ပြောသည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မတ်လ (၂၆) ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းဝေးတွင် နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ၈.၃ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ပြီး၊ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၈.၄ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း အာရှဖွံ့ဖြိုးမှုဘဏ် (ADB) ယနေ့ထုတ်ပြန်သော စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွင် ပါရှိသည်။
ပဲရစ်၊ မတ်၂၄ ရက် (ဆင်ဟွာ) ပျက်ကျခဲ့သည့် ဂျာမနီလေယာဉ်မှ လေယာဉ်မှူး အခန်းတွင် စကားပြောဆိုမှုများ ဖမ်းယူသည့် မှတ်တမ်းသေတ္တာ Black Box တစ်လုံးကို ပြင်သစ် ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာ များတွင် မတ်လ (၂၄) ရက်က ဖော်ပြထားသည်။