ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တပ်မတော်အတွင်း နိုင်ငံရေး သစ္စာစောင့်သိမှု မြှင့်တင်ခြင်း၏ တစ်မူထူးခြားသော အားအင်များကို အပြည့်အဝ အသုံးချရေးအတွက် အလေးထားမှာကြားခဲ့ကာ နိုင်ငံကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ခေတ်မီအသွင်ပြောင်းမှုကို တည်တည်ငြိမ်ငြိမ်နှင့် စဉ်ဆက်မပြတ် ဆက်လက်ဖော်ဆောင်ရေးအတွက် စုပေါင်းကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်ပြည်လုံးဆိုင်ရာ...
ဆန်းကျန့်၊ မတ် ၉ ရက် (ဆင်ဟွာ) စက်ရုပ်ယာဉ်ထိန်းရဲတစ်ဦးက ယခုအခါ တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ ရဲယူနီဖောင်း ဝတ်ဆင်ထားသော ၎င်းစက်ရုပ်သည် ယာဉ်အသွားအလာများသော လမ်းဆုံတစ်ခုတွင် ယာဉ်ကြောရှင်းလင်းနေစဉ်အတွင်း ယာဉ်အသွားအလာအချက်ပြမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ (Xinhua) …………………………………….. (English Version) Robot traffic cop...
တာ့လီ၊ မတ် ၉ ရက် (ဆင်ဟွာ) နွေဦးရာသီရောက်ရှိလာသည်နှင့်အမျှ ရွှေ့ပြောင်းငှက်အုပ်များသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တာ့လီမြို့ အယ်ယွမ် ခရိုင်မှ မြောက်ဘက်သို့ စတင်ခရီးနှင်လာကြသည်။ ထိုဒေသရှိ ရေကန်များနှင့် စိမ့်မြေအရပ်များက အဆိုပါရွှေ့ပြောင်းငှက်များ၏ ရာသီအလိုက် ရွှေ့ပြောင်းသွားလာရေးလမ်းကြောင်းတစ်လျှောက်တွင် အရေးပါသော ခရီးတစ်ထောက်နားရာနေရာတစ်ခုအဖြစ် ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua) …………………………………….....
ဂျီနီဗာ၊ မတ် ၉ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၁ ကြိမ်မြောက် အစည်းအဝေးတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို မတ် ၅ ရက်က ကျင်းပခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၁ ကြိမ်မြောက်...
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဉာဏ်ရည်တု (AI) နှင့် အခြားကဏ္ဍများတွင် ဥပဒေပြုရေးဆိုင်ရာ သုတေသနကို အားကောင်းအောင် ဆောင်ရွက်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ အဆိုပါလုပ်ငန်းအစီရင်ခံစာကို သုံးသပ်ဆွေးနွေးရန်အတွက် လက်ရှိကျင်းပဆဲဖြစ်သည့် ၁၄ ကြိမ်မြောက် NPC ၏...