နယူးဒေလီ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန် က G20 အဖွဲ့ဝင် နိုင်ငံများအား စံနမူနာပြအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် စက်တင်ဘာ ၁၀ ရက်၌ တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယူကရိန်း အကျပ်အတည်းကို အဖြေရှာရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံ အထူးသံတမန်က စက်တင်ဘာ ၈ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ ယူကရိန်းအကျပ်အတည်းသည် အချိန်ကာလရှည်ကြာလှပြီဖြစ်ကာ မြေပြင်ရှိ တင်းမာမှုများမှာ မြင့်မားနေဆဲဖြစ်သလို ယင်းအခြေအနေကြောင့် သက်ရောက်မှုများမှာလည်း ပိုမိုလျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။...
နယူးဒေလီ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) အာဖရိကသမဂ္ဂ (AU) ကို G20 တရားဝင် အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ရန် G20 အဖွဲ့ဝင်နိုင်ငံများက စက်တင်ဘာ ၉ ရက်တွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူညီမှုရရှိခဲ့သည်။ တရုတ်နိုင်ငံသည် G20 အဖွဲ့တွင် အာဖရိကသမဂ္ဂ (AU) ပါဝင်နိုင်ရန်...
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းထံသို့ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို စက်တင်ဘာ ၉ ရက်က ပေးပို့ခဲ့သည်။...
ရာဘတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၉ ရက် ညပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၆၃၂ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ ငလျင်ကြောင့် လူပေါင်း...