တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝမ်ချန်းမြို့တွင် ယခုနှစ် ဆောင်းဦးရာသီမှစ၍ ဒေသတွင်းရှိ မြစ်များ၏ မြစ်လက်တက်များပေါ်၌ အပင်များစိုက်ပျိုးထားသည့် ကျွန်းမျောအတု ၂,၇၀၀ ကျော် ထည့်သွင်းထားခြင်းဖြင့် ရေအရည်အသွေး သန့်စင်ရေးအတွက် အထောက်အကူပြုလျက်ရှိသည်။ (Xinhua) xhtxs.cn/C4W ……………………………… Artificial floating islands in rivers help...
ဝူးလူမုချီ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Taxkorgan Tajik ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ခရီးသည်တင်လေယာဉ်တစ်စီး ဆိုက်ရောက်လာခဲ့ပြီး ဒေသ၏ ပထမဆုံး မြင့်မားသော ကုန်းပြင်မြင့်လေဆိပ် စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ဖြစ်လာခဲ့သည်။ (Xinhua) ………………….....
ဝူးလူမုချီ ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ရှိ နှင်းလျှောစီးအပန်းဖြေနေရာတစ်ခု၌ အသက် ၈၇ နှစ် အရွယ်ရှိ လျိုကျစ်ဟွာသည် ငယ်ရွယ်သော နှင်းလျှောစီးအားကစားဝါသနာအိုးများကဲ့သို့ပင် ဆင်ခြေလျှော မှ လျှင်လျှင်မြန်မြန် နှင့် ကျွမ်းကျင်စွာ လျှောဆင်းသွားခဲ့သည်။
ဟာအယ်ပင်း၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) နှင်းစီးမော်တော်ကား မောင်းနှင်ပွဲ၊ မြင်းဆွဲစွတ်ဖားစီးခြင်းနှင့် သာယာလှပသော တောင်တန်းရှုခင်းများ၊ ရေခဲပြင် နှင့် ဆီးနှင်းများသည် တရုတ်နိုင်ငံ မြောက်ဘက်စွန်း ဟေးလုံကျန်း ပြည်နယ်တွင် ခရီးသွားများ ဆွဲဆောင်ရာနေရာ ဖြစ်လာသည်။ (Xinhua)