ရှီးချန်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်ပါဝင်သော ဂြိုဟ်တုအုပ်စု တင်ဆောင်ထားသည့် Long March-2D ဒုံးပျံတစ်စင်းကို စက်တင်ဘာ ၆ ရက်က လွှတ်တင်ခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံအနောက်တောင်ပိုင်း ငလျင်ဒဏ်သင့် စီချွမ်းပြည်နယ်တွင် အရေးပေါ်ဆက်သွယ်ရေးအား ပံ့ပိုးကူညီရန် မောင်းသူမဲ့လေယာဉ်ကို အသုံးပြုခဲ့သည်။ အဆိုပါမောင်းသူမဲ့လေယာဉ်သည် လေကြောင်းဆက်သွယ်ရေးကွန်ရက်တစ်ခု ထူထောင်ရန် အထောက်အကူဖြစ်စေခဲ့ပြီး ငလျင်ဒဏ်သင့်နေရာများ၏ ပုံရိပ်များအား အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/zqj —————————— China deployed unmanned aerial vehicle to...
ဟဲဖေ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ လျှပ်စစ်ကားတစ်စီးအတွက် ဘက်ထရီလဲလှယ်ရန် မည်မျှလွယ်ကူကြောင်းကို သိရှိရန် ကျူးဘားနိုင်ငံသူ တစ်ဦးက ဟဲဖေမြို့ရှိ ဘက်ထရီလဲလှယ်ရေးစခန်းတစ်ခုကို သွားရောက်ခဲ့သည်။ (Xinhua) ……………………………. Cuban expat visits smart battery-swap station for NEVs in...
ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ထိုင်ဝမ်သို့ လက်နက်ပစ္စည်းများ အသစ်တစ်ကြိမ်ရောင်းချရန် အမေရိကန်အစိုးရ၏ ခွင့်ပြုမှုအပေါ် တရုတ်နိုင်ငံက ပြတ်သားစွာ ဆန့်ကျင်ကြောင်းနှင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။