ကရာချိ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ပါကစ္စတန်နိုင်ငံသို့ ကူညီထောက်ပံ့ပေးသည့် ရေဘေးကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ တင်ဆောင်ထားသည့် တရုတ်လေတပ်မှ Yun-20 သယ်ယူပို့ဆောင်ရေးလေယာဉ်သည် သြဂုတ် ၃၀ ရက်တွင် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua) ………………………………………… 中国援巴人道主义物资运抵巴基斯坦...
တရုတ်သိပ္ပံပညာရှင်များသည် ရှားပါးပြီး အသက်အန္တရာယ်ရှိသော hemophagocytic lymphohistiocytosis (HLH) ဟုခေါ်သော သွေးရောဂါ မျိုးဗီဇအသစ် တစ်ခုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/zcH ———————— Chinese scientists have identified a new gene, the deficiency of which...
ဇာပိုရေးဇီးယား နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ဖြစ်ရပ်တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လိမ့်မည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် Rafael Grossi တို့က မှတ်ချက်ပြုခဲ့သည်။ (Xinhua) xhtxs.cn/zck ……………………………………………… Ukrainian President Volodymyr Zelensky and visiting...
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဩဂုတ် ၃၀ ရက်တွင် နိုင်ငံတော်အဆင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် ပေကျင်းမြို့ရှိ စံပြပြည်သူ့ဝန်ထမ်းများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့၏ တာဝန်များအား စွဲစွဲမြဲမြဲလုပ်ဆောင်ရန်နှင့် စိတ်ရောကိုယ်ပါနှစ်မြှုပ်လျက် တာဝန်ထမ်းဆောင်ကြရန် သမ္မတရှီက အားပေးတိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua) ———————— Update: President Xi Jinping...
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက မကြာသေးမီရက်များအတွင်း Myanmar International Education Center (MIEC) ၌ ပညာရေးဆိုင်ရာမှတ်တမ်းရုပ်ရှင် အော့ဖ်လိုင်း (offline) တင်ဆက်ပြသမှုအစီအစဉ် ကျင်းပခဲ့ရာ ၎င်းမှာ မြန်မာနိုင်ငံရှိ စာသင်ကျောင်း၌ ပထမဆုံးအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုဖြစ်ကြောင်း သိရသည်။