မော်စကို၊ ဇွန် ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကို မြို့၏ မြင်ကွင်းများကို 360 မြင်ကွင်းပုံရိပ်များဖြင့် ရိုက်ကူးတင်ဆက်ထားပါသည်။(Xinhua)
မော်စကို၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ဆီ တက်လှမ်းရန် ဇွန်လ ၅ ရက်နေ့တွင် သဘောတူခဲ့ကြကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံဆွေးနွေးမှု သတင်းစာရှင်းလင်းပွဲမှ တစ်ဆင့် သိရသည်။(Xinhua)
စိန့်ပီတာဘာ့ဂျ်၊ ဇွန် ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာဘာ့ဂျ် မြို့၏ မြင်ကွင်းများကို 360 မြင်ကွင်းပုံရိပ်များဖြင့် ရိုက်ကူးတင်ဆက်ထားပါသည်။(Xinhua)
ဖူးကျိုး၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းဖူကျန့်ပြည်နယ် ဖူးကျိုးမြို့တွင် ရွှေငါးပြိုင်ပွဲကျင်းပလျက်ရှိသည်။တစ်ကမ္ဘာလုံးရှိ ရှားပါးလှပသည့် ရွှေငါးရောင်စုံများ ပါဝင်သည့်အဆိုပါပွဲတွင် ဆုပေါင်း ၁၈မျိုးအထိ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲတွင် ပထမဆုကို နဂါးမျက်လုံးနှင့် လိပ်ပြာသဏ္ဍာန် အမြီးရှိသည့်ရွှေငါးလေးက ဆွတ်ခူးခဲ့သည်။(Xinhua)
ရှန်ဟိုင်း၊ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်ဟိုင်းရှိ တွင် ကျည်ဆန်ရထားများ ပြုပြင် ထိန်းသိမ်းရေးစင်တာ၌ စက်ရုပ်များဖြင့် ပြုပြင်ထိန်းသိမ်းမှုကို စတင်ခဲ့ကြောင်းသိရသည်။ scanner များ ကို အသုံးပြုပြီး စက်ရုပ်များက ကျည်ဆန်ရထားများ၏ အောက်ခြေအထိ အပြစ်အနာအဆာများကို ရှာဖွေ စစ်ဆေးပေးနိုင်သည့်အပြင် ပြုပြင်ထိန်းသိမ်းနေစဉ်အတွင်း ဖြစ်ပွားသည့် ပြဿနာများကိုလည်း စက်ရုပ်များကသိရှိ ပြင်ဆင်နိုင်သည်။...