ဟောင်ကောင်၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် စက်တင်ဘာ ၆ ရက်က နံနက် ၈ နာရီမှ ည ၈ နာရီ အချိန်အတွင်း မြို့နေပြည်သူပေါင်း ၁ သိန်း ၈ သောင်းခန့်ကို ရပ်ရွာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးရေး အစီအစဉ်ဖြင့်...
ပေကျင်း၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ တစ်နိုင်ငံလုံး ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် ဆောင်းဦးလလယ် လမုန့်ပွဲတော် ပိတ်ရက်ကာလတွင် အပြင်ထွက်သွားလာခြင်းကို လျှော့ချရန်နှင့် အခြားဒေသသို့ သွားရောက်၍ ဆွေမျိုးမိတ်ဆွေများနှင့်ဆုံစည်းခြင်းကို ရှောင်ရှားကြရန် တောင်ကိုရီးယားနိုင်ငံ အစိုးရက စက်တင်ဘာ ၆ ရက်တွင် တိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၀,၈၀၂ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၁,၀၁၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။
ဖနွမ်းပင် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်မှုကြောင့် ၆ လကြာ ကျောင်းပိတ်ထားခဲ့ရပြီးနောက် ယနေ့စက်တင်ဘာ ၇ ရက်တွင် တစ်နိုင်ငံရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဟဲဖေ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ရထားတည်ဆောက်ရေးကုမ္ပဏီထံမှ ရထား ၇၂ စင်းကို မှာယူခဲ့ကြောင်း CRRC Puzhen Bombardier Transportation Systems Co., Ltd.(PBTS) က ဆိုသည်။