အဘူဂျာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း Ekiti ပြည်နယ် ရှိ လူစည်ကားရာဈေးတစ်ခုအတွင်းသို့ ကုန်တင်ကားတစ်စီးဝင်တိုက်မိရာ လူ ၁၄ဦးသေဆုံးကြောင်း နိုင်ဂျီးရီးယားနိုင်ငံရှိ ပြည်တွင်းအာဏာပိုင်များက ဇန်နဝါရီ ၁၄ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ပထမဆုံး ဆင်းသက်ခြင်းဖြစ်သော Chang’e-4 ဂြိုဟ်တု ၏ အောင်မြင်စွာဆင်းသက်နိုင်မှုကို ဇန်နဝါရီ ၁၁ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြောက်ပိုင်း ကာရတ်မြို့၌ ဇန်နဝါရီလ ၁၄ ရက်တွင် ဘိုရင်း ၇၃၇ လေယာဉ်တစ်စီး ပျက်ကျသဖြင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Iran Student News Agency (ISNA) က သတင်းဖော်ပြခဲ့သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဂီတဖျော်ဖြေပွဲတစ်ခုတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားသည်ဟု သံသယရှိသူတစ်ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် လေးလအတွင်း သေဆုံးသူ ၅ ဦအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
စီချွမ်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိသည့် Baihetan ရေအား လျှပ်စစ်စီမံကိန်း သည် ကမ္ဘာ့ပထမဆုံး ဓာတ်အားကီလိုဝပ် တစ်သန်းအထိထုတ်လုပ်ပေးနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သည်။ Baihetan စီမံကိန်းသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးကာလအတွင်းအခက်အခဲများ ၊ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။ ရေအားလျှပ်စစ်စက်ရုံအတွင်း တပ်ဆင်ထားသော တာဘိုင်ကြီးမှာ အချင်းဝက်...