မနီလာ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အင်အားအလွန်ပြင်းထန်သော မုန်တိုင်းတစ်လုံး တိုက်ခတ်ခံရပြီးနောက် ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးမှု နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိသေဆုံးသူ ၁၂၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အစိုးရသဘာဝဘေးအန္တရာယ်အေဂျင်စီတစ်ခုက ယနေ့ဇန်နဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ပါဘက်(Pabuk)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးယောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Amatignak ကျွန်း အရှေ့အရှေ့တောင်ဘက် ၆၈ကီလိုမီတာ အကွာတွင် ဇန်နဝါရီ ၅ရက်က အင်အား ၆.၀ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကပြောကြားခဲ့သည်။
တိုကျို ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တိုယိုဆု(Toyosu) ငါးဈေးတွင် ပထမဆုံးနှစ်သစ်လေးလံပွဲ၌ အပြာရောင်ကြေးခွံတူနာငါးကြီးတစ်ကောင်ကို ဂျပန်ယန်း ၃၃၃.၆ သန်း ( အမေရိကန်ဒေါ်လာ ၃.၁ သန်း) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဂျပန်မီဒီယာကဖော်ပြခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုမြို့တွင် ဇန်နဝါရီ ၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အခြား ၁ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။