ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နှင့် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များပါဝင်သော ထိပ်သီးအစည်းအဝေးအား တောင်အာဖရိကနိုင်ငံ တွင် ဒီဇင်ဘာလ အစောပိုင်းမှာ ပြုလုပ်ရန်ရှိကြောင်း တရုတ်နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီးတို့ က ပေကျင်းမြို့တွင် သောကြာနေ့က ကြေညာခဲ့သည်။
ဒူရှန်ဘဲ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဗဟိုဘဏ် နှင့် တာဂျစ်ကစ္စတန်နိုင်ငံ ဗဟိုဘဏ်တို့သည် တန်ဖိုးငွေပမာဏ ယွမ် ၃.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံ) ရှိသော ငွေကြေးဖလှယ်ခြင်းဆိုင်ရာ သဘောတူညီမှုအား လက်မှတ်ရေး ထိုးခဲ့ကြောင်း တာဂျစ်ကစ္စတန်နိုင်ငံ ဗဟိုဘဏ်တာဝန်ရှိသူက သောကြာနေ့တွင် ပြောသည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံ(ROK) တို့အကြား သဘောတူညီထားသော လွတ်လပ်သော ကုန်သွယ် မှု စာချုပ်ကနေ နှစ်နိုင်ငံ စီးပွားရေး ကဏ္ဍနှင့် ပြည်သူလူထုအတွက် အကျိုးအမြတ်များ ပိုမို ရရှိနိုင်မည်ဟု တောင်ကိုရီးယား နိုင်ငံ သမ္မတ ပတ်ဂွမ်ဟေးက သောကြာနေ့က တရုတ်နိုင်ငံ...
ရန်ကုန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရှိ တရုတ် လူမျိုး ကိုယ်စားလှယ် အဖွဲ့ သည် တရုတ် နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာ ၃ ရက်နေ့က ကျင်းပ ခဲ့သည့် တရုတ် နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့်...
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၄ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့ နှင့် သီးခြားစီတွေ့ ဆုံဆွေးနွေးကာ မြန်မာ-တရုတ် အကျိုးစီးပွားများ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်မှုနှင့် ပတ်သက်ပြီး...