နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဒီမိုကရေစီ ရှင်သန်ရန်နှင့် လူ့အခွင့်အရေး မြှင့်တင်နိုင်ရန် အတူတကွ လက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော် ဒုဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ် ကွက်ခိုင်ဆန္ဒနယ်ကို တင်မြှောက်လိုက်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ (ဆင်ဟွာ) ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့် တာမွေမဲဆန္ဒနယ်ကို တင်မြှောက်လိုက်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ဦး ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးကြသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ် (ချောင်းဆုံ)က ဆောင်ရွက်မည်ဖြစ်သည်။