ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသစခန်းပေါင်းစည်းမှုအတွက် အချိန် ၅ လကြာမစ်ရှင်တစ်ရပ်ထမ်းဆောင်ရန် အာကာသယာဉ်မှူး ၃ ဦးပါဝင်သော ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသယာဉ်ကို မေ ၂၉ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
ယူနန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ လိပ်ပြာတောင်ကြားတွင် ပိုးရုပ်ဖုံး အခွံမာများမှ လိပ်ပြာအကောင်ရေ သန်းနှင့်ချီ ပေါ်ထွက်လာခဲ့သည့် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။
ချောင်းသာ၊ မေ ၃၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေတွင် ပင်လယ်ရေကူးခြင်း၊ စပိဘုတ်စီးခြင်း၊ ကမ်းခြေ၌ မြင်းစီးခြင်း၊ စက်ဘီးခြင်းတို့ဖြင့် လာရောက်အပန်းဖြေသူများကို တွေ့ရသည်။ (Xinhua)
ကျိုချွမ် ၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Shenzhou-16 လူတင်အာကာသယာဉ်တွင် အာကာသယာဉ်မှူးများ ဖြစ်ကြသည့် ကျင်ဟိုင်ဖုန် ၊ ကျူးရန်ကျု နှင့် ကွေ့ဟိုင်ချောင်းတို့က အာကာသပျံသန်းမှုမစ်ရှင် ဆောင်ရွက်ရန် လိုက်ပါသွားကြမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ) Xinhua News Agency(Yangon Bureau)၏ Tiktok ပလက်ဖောင်း Xinhuamyanmar မှ သတင်းဗီဒီယိုများအား တရားဝင် ခွင့်ပြုအကြောင်းကြားခြင်း မရှိဘဲ ပုံစံတူ အတုအယောင် ရယူဖော်ပြနေသည့် XIN HUA Myanmar အကောင့်တစ်ခုကို စိစစ်တွေ့ရှိရကြောင်း ဆင်ဟွာစာဖတ်ပရိသတ်များကို...