ကုလသမဂ္ဂ၊ မေ ၃၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံရှိ ဇာပိုရေဇီးယား နျူကလီးယားစက်ရုံ၏ နျူကလီးယားဘေးကင်းရေးနှင့် လုံခြုံရေးအခြေအနေမှာ အထိအခိုက်မခံနိုင်ဘဲ အန္တရာယ်များနေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က မေ ၃၀ ရက်က ပြောခဲ့သည်။
အစ္စလာမ်မာဘတ်၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်ကုမ္ပဏီလုပ်ငန်းက ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ်သို့ စပ်မျိုးစပါး မျိုးစေ့များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မေ ၃၀ ရက်က ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်တွင် ကျင်းပခဲ့သည်။
မော်စကို ၊ မေ ၃၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့၌ မေ ၃၀ ရက်အစောပိုင်းက ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦ အများအပြား အနည်းငယ်ထိမှန်ပျက်စီးသွားခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergei Sobyanin ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံ RIA Novosti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူးနှစ်ဦး မောင်းနှင်မည့် လူတင်လကမ္ဘာပေါ်သွားယာဉ်အတွက် အဆိုပြုချက်များ တောင်းခံမည့် ကြေညာချက်ကို တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) က မေ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
ဟဲဖေ၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော် ဟဲဖေတွင် Volkswagen ကုမ္ပဏီက လျှပ်စစ်မော်တော်ကားများ အပြည့်အဝချိတ်ဆက်မှုရရှိစေရန် သုတေသသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) ၊ တီထွင်ဆန်းသစ်မှုနှင့် ဝယ်ယူမှုစင်တာတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ယင်းမြို့၌ မေ ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့သော...