ပြုံယမ်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်း၏ ကြီးကြပ်မှုဖြင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အသစ်တစ်စင်းကို နိုဝင်ဘာ ၁၈ ရက်တွင် အရှေ့ပိုင်းရေပြင်ဆီသို့ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အစိုးရ သတင်းအေဂျင်စီ Korean Central News Agency (KCNA) က...
ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၄ (Shenzhou-14) အာကာသယာဉ်မှူးများသည် တတိယအကြိမ်မြောက် အာကာသစခန်းပြင်ပတာဝန်များကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ အာကာသအတွင်း လမ်းလျှောက်ခြင်း ၃ ကြိမ်ပြုလုပ်ခဲ့ခြင်းဖြင့် အာကာသယာဉ်မှူးများသည် စီစဉ်ထားသည့်အတိုင်း တာဝန်အသီးသီးကို ထမ်းဆောင်နိုင်ခဲ့ကြသည်။ “T”ပုံသဏ္ဍာန် တရုတ်အာကာသစခန်းအတွဲသည် ကောင်းကင်ပြာပြာ ကမ္ဘာဂြိုဟ်နှင့်အတူ တစ်သားတည်း...
ထျန်းကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ခေတ်မီ စိုက်ပျိုးရေးဥယျာဉ် တစ်ခုကို မကြာသေးမီက တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၌ တည်ဆောက်ပြီးစီးခဲ့သည်။ ယင်း ဥယျာဉ်တွင် 5G ရေသန့်စင်ကန်၊ ရေသွင်းမြေဩဇာဖြည့်တင်းခြင်း စသည့်တို့အပါအဝင် အဆင့်မြင့် နည်းပညာများဖြင့် ဟင်းသီးဟင်းရွက် အမျိုးအစားပေါင်း ၁,၀၀၀ ကျော်ကို စီမံစိုက်ပျိုးလျက်ရှိသည်။
ဆိုးလ် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်အနီးတွင် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်း ပါဝင်သည့် ပူးတွဲဝေဟင်စစ်ရေးလေ့ကျင့်မှုအား နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS)အား ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
နီပေါနိုင်ငံ၌ နိုဝင်ဘာ ၂၀ ရက်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူ ၆၁ ရာခိုင်နှုန်း ရှိခဲ့ပြီး မဲဆန္ဒရှင်ပြည်သူ ၁၈ သန်းခန့်သည် အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၂၇၅ ဦးနှင့် ပြည်နယ်လွှတ်တော် ၇ ခုအတွက် ကိုယ်စားလှယ် ၅၅၀ ဦးတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (Xinhua) xhtxs.cn/BV8...