ရှင်းကျန်း၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်းကျန့်ရှိ Kanas ဒေသတစ်ခုလုံးဆောင်းရာသီ၌ ရေခဲဆီးနှင်းများဖြင့် ဖုံးလွှမ်းလျက်ရှိသည့် ရင်သပ်ရှုမောဖွယ်လှပသည့် သဘာဝအလှအပများကိုမြင်တွေ့နိုင်မည်ဖြစ်သည်။(Xinhua)
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော် ဒုတိယအကြိမ် လွှတ်တော်များ၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ပြည်ထောာင်စုလွှတ်တော်တွင် ယနေ့နေ့လယ်ပိုင်း၌ ကျင်းပခဲ့ကြရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တက်ရောက်ပြီးဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြသည်။
ရာဘတ်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် H1N1 ဗိုင်းရပ်စ် ကူးစက်ခံရပြီးလူ ၅ဦးသေဆုံးခဲ့ကြောင်း မော်ရိုကိုနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးAnasDoukkaliက ဇန်နဝါရီ ၃၁ ရက်နေ့ကပြောကြားသည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ဥရောပလေကြောင်းကုမ္ပဏီကြီး ဖြစ်သောအဲယားဘတ်(စ်)(Airbus) ကုမ္ပဏီက၎င်း၏ သတင်းအချက်အလက် စနစ်တွင် ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုအားရှာဖွေ တွေ့ရှိခဲ့သည်ဟုပြောကြားခဲ့ကြောင်းအမေရိကန် သတင်းမီဒီယာများက ဇန်နဝါရီ ၃၁ ရက်တွင် ဖော်ပြခဲ့ကြသည်။
နယူးယောက်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်တွင် အအေးလွန်ကဲမှု (porlar vortex) ကြောင့် ရာသီဥတုဆိုးဝါကာဆီးနှင်းများကျဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကာယင်းပြည်နယ်ရှိအနည်းဆုံးလူ ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။