ဘက်ဂဒက်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ (Felipe VI) သည် ဇန်နဝါရီလ ၃၀ ရက်က အီရတ်နိုင်ငံ မြို့တော် ဘက်ဂဒက်သို့ ရုတ်တရက် သွားရောက်ခဲ့ပြီး အီရတ်နိုင်ငံ သမ္မတ ဘာဟမ် ဆလီ (Barham Salih)...
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ပဲခူးရိုးမနယ်မြေဧရိယာများအတွင်း CMRS စနစ်ဖြင့် တရားမဝင်သစ်များ ဖမ်းဆီးရာတွင် လေးရက်အတွင်း တရားမဝင်သစ် ၁၉၇ တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် တောင်ပိုင်းမှ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အကြမ်းဖက်အစွန်းရောက် ဝါဒဆန့်ကျင်သောတိုက်ပွဲအတွက် ဖိလစ်ပိုင်အစိုးရနှင့် ပြည်သူများအား တရုတ်နိုင်ငံက အခိုင်အမာထောက်ပံ့မှု ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhao Jianhusက ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဒုတိယကမ္ဘာစစ်အတွင်း တွင် စစ်ကြောင့် ဒုက္ခရောက်သော ကမ္ဘာသူကမ္ဘာသားများစွာရှိပေသည်။ ၎င်းတို့အနက်မည်သည့်နိုင်ငံသားများကိုမဆိုလူမျိုးဘာသာခွဲခြားမှု မရှိပဲ တရုတပြည်သူတို့အနေဖြင့် ကူညီစောင့်ရှောက်ခဲ့မှုက သမိုင်းတွင်မှတ်တမ်းတင်ခဲ့သည်။ ၎င်းတို့အနက် အင်ဂရစ်ယူဗင်(Ingrid Rubens )ဆိုသည့်အမျိုးသမီးက သာဓကတစ်ရပ်ဖြစ်သည်။
ဟနွိုင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ထိုင်းဘင်ပြည်နယ်တွင် ဓာတ်ငွေ့ကြောင့်အသက်ရှူကျပ်သွားခဲ့ပြီး ဗီယက်နမ်ကုမ္ပဏီဝန်ထမ်း အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။