တိုကျို ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံမှ အသက် ၁၁၃ နှစ်အရွယ် လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး အဖိုးအို မာဆာဇိုနိုနာကာ ( Masazo Nonaka) သည် ဇန်နဝါရီ ၂ဝ ရက်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂျပန်မီဒီယာက ရေးသားဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ငွေကျပ် ၂,၂၂၅.၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မဘိမ်းမြို့နယ်နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ငွေကျပ် ၄၆,၂၄၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်သည့် လုပ်ငန်းများ သည် ၂၀၁၇ ခုနှစ်မှစပြီး လျင်မြန်စွာ တန်ဖိုးမြင့်တက်လာကြောင်း သိရသည်။
မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်က ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Jilibမြို့အနီးရှိ အယ်လ်ရှာဘတ်အစွန်းရောက် လက်နက်ကိုင်များကို ဇန်နဝါရီ ၁၉ ရက်တွင် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာ လက်နက်ကိုင် ၅၂ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံ အာဖရိကစစ်ဌာနချုပ်(Africom)၏ ယင်းနေ့ညပိုင်း တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။