ဒမတ်စကပ်(စ်)၊ဇန်နဝါရီလ ၁၅ ရက်(ဆင်ဟွာ) တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်(Recep Tayyip Erdogan) ကဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် လုံခြုံရေးဇုံတစ်ခုဖန်တီးတည်ဆောက်ရန် ပြောကြားခဲ့ခြင်းအပေါ် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီ ၁၅ ရက် တွင်ဝေဖန်ပြောကြားခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနကပြော ကြားခဲ့သည်။
ဂါဇာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အီတလီသံရုံးအတွက် တာဝန်ထမ်းဆောင်နေသော အီတလီလူမျိုး ၃ဦးကို ဂါဇာ ရှိ ကုလသမဂ္ဂရုံးတစ်ခု တွင် ဟားမတ်စ်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး ၂ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အမေရိကန်ဒေါ်လာ ၈,၁၄၃ သန်း ဆောင်ရွက်နိုင်ခဲ့ရာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၆,၅၄၇ဦး နှင့် ပြည်တွင်းအလုပ်နေရာ ၁၃,၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။
ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် လက်ဘနွန်နိုင်ငံ နှင့် ဒေသတွင်း အရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်နေကြောင်း လက်ဘနွန်နိုင်ငံရှိ အီရန်သံရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနကဆိုသည်။