ဒါကာ ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Abdul Hamid ကြီးမှူးသည့် အစိုးရဝန်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ ၇ ရက်က သမ္မတအိမ်တော်တွင် ကျင်းပခဲ့ရာ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၄၇ ဦး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၄၀၁ ရွက် တွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်(၇၁/၁-၂)ကြား၌ ၆ ဘီးယာဉ် နှင့် ခရီးသည်တင်ယာဉ်တိုက်မှုကြောင့် လူ၂ ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ် တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မြူထူများဆိုင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တွင် ငွေကျပ် ၉,၇၅၆.၁၆၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။