ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ (သြဂုတ် ၂၁ ရက်) ညပိုင်းတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး ထပ်မံတွေ့ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၄၁၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရအနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ဘဏ္ဍာရန်ပုံငွေများကို ဆက်လက်သုံးစွဲသွားဦးမည်ဖြစ်ရာ G-20 နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှု အစီ အစဉ်မှ ထွက်ပေါ်လာမည့် ကျပ် ၈၀ ဘီလီယံကျော်ကိုလည်း ထိုအတွက် လာမည့်...
ဘဂ္ဂဒက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အီရတ်နှင့် အမေရိကန်က ဩဂုတ် ၂၀ ရက်က ကြေညာလိုက်ကြောင်း တရားဝင် Iraqi News Agency (INA) က သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် နေ့စဉ် ည ၉ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရန်အမိန့် ၂ လ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ယနေ့သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေး (inactivated vaccine) သည် ပီရူးနိုင်ငံတွင် လက်တွေ့စမ်းသပ်မှု တတိယအဆင့် စတင်နေပြီဖြစ်ကြောင်း Sinopharm ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ကာကွယ်ဆေးထုတ်လုပ်သူ China National Biotec Group (CNBG) က ပြောကြားခဲ့သည်။