ဂျီနီဗာ၊ ဇွန် ၂ ရက်(ဆင်ဟွာ) အလယ်အမေရိက နှင့်တောင်အမေရိကတိုက်သည် လက်ရှိတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ဗဟိုချက် နေရာဖြစ်လာကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက တစ်ညီတစ်ညွတ်တည်းဖြစ်ရန်လိုအပ်ပြီး ၎င်းဒေသများ၏ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ၌ ၂၀၂၀ပြည့်နှစ် မေလ တစ်လလုံးတွင် ငလျင် ၂၈ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန ငလျင်ဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။
ရန်ကုန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) နိုင်ငံတစ်ဝန်း၌ ဧပြီ ၉ ရက်မှ ဇွန် ၁ ရက်အထိ ကာလအတွင်း လေပြင်းဘေးအန္တရာယ်ကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး...
ဟောင်ကောင် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ အဓိကတက္ကသိုလ်ကြီးများက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအပေါ် ထောက်ခံအားပေးကြောင်း ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ) အာဖရိကနိုင်ငံများနှင့်ပြည်သူများသည် လူမျိုးရေးခွဲခြားဆက်ဆံမှုတွင် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိက၏ တရားမျှတရေးအတွက် တောင်းဆိုသံကို ထောက်ခံကြောင်း၊ အာဖရိကနှင့်အတူလူမျိုးရေးခွဲခြားဆက်ဆံမှုမှန်သမျှနှင့် ထိုသို့ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်မှုများ၊ အမုန်းစကားများကို ခိုင်မာစွာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၁ ရက်တွင် ...