ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုတ်သုံအဝင် နောက်ကျလျက်ရှိကြောင်း၊ ထိုသို့ မုတ်သုံနောက်ကျသည့်အတွက် မုတ်သုံမဝင်ခင်ကာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မိုးသက်လေပြင်းကျတာမျိုးဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးဦးလှထွန်းက မေ ၂၈ ရက်တွင်ပြောကြားသည်။
ပေကျင်း၊ မေ ၂၈ ရက်(ဆင်ဟွာ) ဟောင်ကောင်သည် လုံးဝဥဿုံ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဆိုသည့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗ့်ရုဗ် (Sergey Lavrov)၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံက အပြည့်အဝ သဘောတူ တန်ဖိုးထား လက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ချိုမိုလန်းမားတောင်၏ အမြင့်အတိအကျကို တိုင်းတာရန်နှင့် ထုတ်ပြန်ရန် နှစ်လမှ သုံးလခန့် အချိန်ယူရဖွယ်ရှိကြောင်း တရုတ်နိုင်ငံ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနက မေ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 တုံ့ပြန်ရေးလုပ်ဆောင်ချက်များအပေါ် ထိခိုက်ပျက်ပြားစေရန် မမှန်မကန် တရားစွဲမှုများ လုပ်ဆောင်ခြင်းခံခဲ့ရပြီးနောက် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက ပြည်ပနိုင်ငံများဆိုင်ရာ ကင်းလွတ်ခွင့် ဥပဒေတစ်ရပ်ကို ပြဌာန်းသွားရန် အဆိုပြုခဲ့ကြသည်။