ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေက “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အဓွန့်ရှည်တည်တံ့ အောင်မြင်စေလိမ့်မည်ဖြစ်ကြောင်း နှင့် လျှင်မြန်စွာပြဋ္ဌာန်းရန်လိုအပ်ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ကော်မရှင်နာမင်းကြီး ရှဲ့ဖန် က ပြောကြားလိုက်သည်။ (Xinhua)
ချိုမိုလန်းမားတောင်၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ဧဝရတ်တောင်(ချိုမိုလန်းမားတောင်)အမြင့်တိုင်းတာရေး ပညာရှင်အဖွဲ့သည် ယနေ့(မေ ၂၇ ရက်)တွင် တောင်ထိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ယခုအခါ တောင်အမြင့်ကို တိုင်းတာရန် မြေတိုင်းကိရိယာများတပ်ဆင်လျက်ရှိကြောင်း သိရသည်။
လီမာ၊မေ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် ပီရူးနိုင်ငံ ကျန်းမာရေးဝန်ထမ်းအရာရှိများ၊ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်အတူ မေ ၂၅ ရက်က ဆွေးနွေးဖလှယ်ပွဲကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံများနှင့်နည်းလမ်းများအား မျှဝေပေးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါ အခြေအနေကြောင့် ပြည်တွင်း အလုပ်အကိုင်ရရှိမှုသည် ပြီးခဲ့သော ဧပြီလတွင် ပြည်တွင်း အလုပ်နေရာ ၉,၃၀၀ ကျော်သာ ခန့်ထားနိုင်ခဲ့ရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား...
ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ မူလနေရာဟု နိုင်ငံရေးကစားခြင်းနှင့် ပြက်ရယ်ပြုခြင်းများကို အခိုင်အမာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဂျပန်နိုင်ငံ ခေါင်းဆောင်၏ မကြာသေးမီက မှတ်ချက်စကားများအပေါ် မေ ၂၆ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။