ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တပ်မတော်လေမှ ပျောက်ဆုံးနေသောလေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အားပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှယနေ့ သတင်းထုတ်ပြန်သည်။
ကဘူးလ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ပေါက်ကွဲစေသော ပစ္စည်းများ တပ်ဆင်ထားသည့် စက်ဘီးအား စီးနင်းလာကာ အသေခံ ဗုံးဖောက်ခွဲရေးသမားဟု ထင်ရသူ တစ်ဦးအား အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ပြင်ပတွင် ဖမ်းဆီးမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက ယနေ့ (အောက်တိုဘာ ၁၈ ရက်) ၌ ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၆,၇၅၀ သိန်း တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ငါးနှစ်အတွင်း ယွမ် ၅၄ ထရီလီယံမှ ၈ဝ ထရီလီယံအထိ တိုးတက်ခဲ့ကြောင်းသမ္မတရှီက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံတွင် ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံဖွင့်ပွဲ အခမ်းအနားအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စတင်ကျင်းပနေပြီး နိုင်ငံတစ်ဝန်းမှ ညီလာခံ ကိုယ်စားလှယ် ၂၂၀၀ ကျော် တက်ရောက်ခဲ့သည်။ ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပသည့် အဆိုပါ ညီလာခံ၌...