ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မှော်ဘီမြို့ ၏ အရှေဘက်(၆)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၇.၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၀ ဒီဂရီ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...
အန်ကာရာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံအတွင်း တူရကီစစ်တပ်၏ စစ်ဆင်ရေးကြောင့် ရက်သတ္တပတ်ကြာ တင်းမာမှုရှိခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်နိုင်ရန် သဘောတူခဲ့ကြကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။
အဘူဂျာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ်တွင် သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး သေဆုံးသူ ၁၈ ဦး ရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။