ဟောင်ကောင်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ထိုင်းဆုန်ခရမ်သင်္ကြန်ပွဲတော်ကို ကြိုဆိုရန် မြို့နေပြည်သူများက ဟောင်ကောင်ရှိ ကျိုလုံမြို့ မြို့တောင်ပိုင်းလမ်းများတွင် ပျော်ရွှင်စွာ အပြန်အလှန်ရေပက်ကစား ဆုမွန်ကောင်းတောင်းကြသည်။ “လုံချိန် ပျော်ရွှင်ဖွယ် ဆုန်ခရမ်သင်္ကြန်” ဟု အမည်ပေးထားသော ဖျော်ဖြေပွဲကို ကျင်းပခဲ့ပြီး မြို့နေပြည်သူများက ထိုင်းယဉ်ကျေးမှုကို သိရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)...
ပေကျင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အမေရိကန်-ဖိလစ်ပိုင် ပူးတွဲကြေညာချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဧပြီ ၁၂ ရက်၌ ပြောကြားခဲ့သည်။ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍မေးမြန်းချက်ကို ဝမ်က အထက်ပါအတိုင်း...
နေပြည်တော် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) မြန်မာတို့၏ ရိုးရာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယတွင် ရာသီစာ စားသောက်ဖွယ်ရာတစ်မျိုးဖြစ်သည့် မုန့်လုံးရေပေါ် ပြုလုပ်ပုံ အဆင့်ဆင့်ကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)
ကူမင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းတွင် နိုင်ငံတကာ ခရီးသည်တင်ရထားပြေးဆွဲမှုဖြစ်သော ကူမင်း-ဗီယင်ကျန်း နေ့ချင်းရောက် ရထားပြေးဆွဲမှုကို ဧပြီ ၁၃ ရက်တွင် စတင်ခဲ့သည်။ (Xinhua) …………………………………………. (Chinese Version) 中老铁路开行国际旅客列车 当日,中老铁路开行国际旅客列车,昆明至万象间可实现乘火车当日通达。 新华社记者 邢广利 摄 1,2,5....
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို ဧပြီ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းက မြို့တော်ခန်းမရှေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ လှပျိုဖြူလေးများက ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပါတယ်။ (Xinhua)