ဒမတ်စကတ် ၊ အမ်မန် ၊ အောက်တိုဘာ ၂၇ (ဆင်ဟွာ) ဆီးရီးယားတွင် ပြည်သူများက အထူးတယ်လီစကုပ် သို့မဟုတ် အနက်ရောင်ပေါ်လီမာဖြင့် နေကြတ်ခြင်းကို ကြည့်ရှုခဲ့ကြသည်။ ဆီးရီးယားမြို့တော် ဒမတ်စကတ်နှင့် ဂျော်ဒန်မြို့တော် အမ်မန် တို့တွင် အင်္ဂါနေ့တွင် နေကြတ်ခြင်း တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကို စောင့်ကြည့်ခဲ့ကြသည်။ (Xinhua)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုသည့် ပထမဆုံး တရုတ်နိုင်ငံ သမ္မတဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အမြင့်ဆုံးသော ဥပဒေ၊ ဥပဒေဆိုင်ရာ အခွင့်အာဏာနှင့် တရားဥပဒေထိရောက်မှု ရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/AZk ………………………………………… 习近平是第一位在宪法前宣誓的中国国家主席。他说,宪法具有最高的法律地位、法律权威、法律效力。xhtxs.cn/AZk
ရှန်ဟိုင်း ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ၃၉ ကြိမ်မြောက် အန္တာတိကလေ့လာရေးခရီးစဉ်ကို စတင်ရန် တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွဲ သင်္ဘော နှင်းနဂါး-၂ (Xuelong2)သည် ရှန်ဟိုင်းမြို့မှ အောက်တိုဘာ ၂၆ ရက်တွင် စတင် ထွက်ခွာခဲ့သည်။
အာဆီယံနိုင်ငံများမှ သံတမန်များက တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ အောင်မြင်မှုအား ချီးကျူးဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။ (Xinhua) xhtxs.cn/A2h ———————————- The ASEAN countries’ diplomatic envoys...
ရှီကျင့်ဖိန်က ဆောင်ရွက်မှု အလုံးစုံသည် “ပြည်သူ့အကျိုး”အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “မိဘကိုချစ်မြတ်နိုးသကဲ့သို့ ပြည်သူကို ချစ်ခင်ပြီး ပြည်သူအတွက် အကျိုးဖော်ဆောင်ကာ ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ဘဝရရှိဖို့ လုပ်ဆောင်ရမယ်” ဟု ၎င်းက ကိုယ်တိုင်ရေးသားထားသည့် မိမိအကြောင်းမိတ်ဆက်သောဆောင်းပါး “SON OF LOESS PLATEAU” တွင် ရေးသားထားသည်။ (Xinhua) xhtxs.cn/AZk...