ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာမရှိသူများကို ရောဂါစစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များအား ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၈ ရက်က ထပ်မံမွမ်းမံထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂:၀၀ နာရီမှ စတင်၍ နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်မှု (Lockdown) အပြည့်အဝလုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံပေါ်တွင် ရောက်ရှိနေသော အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ အဆိုပါကုန်းတွင်းမုန်တိုင်းငယ်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်ကို မြဝတီမြို့အနီးမှ လေဖိအားနည်းရပ်ဝန်း အဖြစ်ဖြတ်ကျော်နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုန်တိုင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသပေးရေးကိစ္စရပ်အား ဆွေးနွေးပြီးဖြစ်ရာ မူအားဖြင့် သဘောတူညီထားကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့နံနက် ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၄)ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၅ဦးထပ်မံသေဆုံးခဲ့ကာ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၇၅)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၉ရက်နံနက်၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။