ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးတွင် အဆုံးအဖြတ် ရယူခဲ့ရာ ထောက်ခံဆန္ဒမဲသည် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံမပြည့်သည့်အတွက် စွပ်စွဲပြစ်တင်မှုမှာ မမှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ဟဲနန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ နွေရာသီကောက်ရိတ်သိမ်းချိန် ရောက်ရှိခဲ့ပြီဖြစ်သည်။ ကျိုးခိုမြို့၌ အကျယ် ၆,၆၀၀ ဟတ်တာရှိသော ဂျုံစိုက်ခင်းအား ကောက်ရိတ်စက်ကြီးများဖြင့် ရိတ်သိမ်းမှု အဆင့်ဆင့်ပြုလုပ်နေကြသည်။ ဟဲနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အဓိက ဂျုံစိုက်ပျိုးရာ ဒေသတစ်ခု ဖြစ်ပြီး ဂျုံစိုက် ဧရိယာ...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ယန်ကျဲ့ချီသည် မကြာသေးမီကတောင်းဆိုချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တွင် အမေရိကန် ဟာဝိုင်အီပြည်နယ်၌ အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျန်ကျန်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန်ကျန်းမြို့တွင် သောင်တင်နေသော နတ်သမီးအပြုံးဟု အမည်ပေးထားသည့် လင်းပိုင်တစ်ကောင်ကို ဒေသခံများက ဇွန် ၁၄ ရက်တွင် ကယ်တင်ကာ ပင်လယ်ထဲသို့ ပြန်လွှတ်ပေးခဲ့သည့် ရုပ်သံဖိုင်ဖြစ်သည်။ အဆိုပါလင်းပိုင်သည် ကယ်ဆယ်ပေးခဲ့သူများအား ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် ၎င်းအားတင်ဆောင်လာသော...
ချုံချင့်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်ဒေသရှိ မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံကိန်းဒေသတစ်ဝိုက်အား ထိန်းသိမ်းကာကွယ်ရန် ရန်ပုံငွေများတိုးမြှင့်ချထားမည်ဖြစ်ကြောင်းသိရသည်။ မြစ်ကျဉ်းသုံးသွယ် ရေကာတာ စီမံကိန်းမှာ ယန်ဇီမြစ်ကြောင်း၏ အပေါ်ပိုင်းတွင်တည်ရှိသည်။ ၎င်းဒေသသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေထိန်းချုပ်ရေး အစီအမံများလုပ်ဆောင်ထားသည့် ရေကာတာစီမံကိန်းကြီးတစ်ခုလည်းဖြစ်သည်။ ထို့အပြင် ၎င်းသည် တရုတ်နိုင်ငံ၏...