ပေကျင်း၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) သံခင်းတမန်ခင်း စစ်ခင်းမှုသည် အမေရိကန်အနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာခြင်းကို ဖော်ပြနေသည်မှာ ပေါ်လွင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက်က ဆင်ဟွာ သတင်းဌာနနှင့် ပြုလုပ်သော သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ပန်ကူ(အခါ)ကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့် အဆောက်အဦအတွင်းမှ လက်နက်၊ ခဲယမ်းနှင့် ငွေ ကျပ် ၆ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာချမှတ်ဆောင်ရွက်မှုကြောင့် လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထက် အောင်မြင်မှုများ ရရှိခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အဆောက်အအုံ ဖွင့်ပွဲအခမ်း အနားတွင် ပြောကြားသည်။
ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံလည်ပတ်ရန် တစ်ခြားနိုင်ငံများမှ ကုမ္ပဏီများအားအမြဲတမ်းကြိုဆိုသွားမည် ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) လက်ရှိ နိုင်ငံတကာဆက်ဆံရေးတွင် တွေ့ဆုံဆွေးနွေးခြင်းသည် ကွဲလွဲမှုများကို ဖြေရှင်းသည့် ပညာဉာဏ်ပါသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၏ မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၅ ရက် က...