နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင်စစ်ရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားအပြန်အလှန်စိုးရိမ်မှုများ ပြေပျောက်စေရန်အတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းရန်တပ်မတော်ကယနေ့ထုတ်ပြန်ခဲ့သောကြေညာချက်ကိုကြိုဆိုပါကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) သတင်းထုတ်ပြန်ချက်တစ်ရပ် ယနေ့ထုတ်ပြန်ကြေညာခဲ့သည် ။
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ ကျင်းပသော ပထမအကြိမ် တရုတ်-အိန္ဒိယ ပြည်သူအချင်းချင်း အဆင့်မြင့်ဖလှယ်ရေး လုပ်ထုံးလုပ်နည်း အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် ဒီဇင်ဘာလ ၂၁ ရက်တွင် ပေးပို့လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့ နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းဧက ၅၀ အားဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရှန်းယန်၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ကလေးများစီးနင်းဆော့ကစားနိုင်သည့် ရေနွေးငွေ့သုံးရထားပုံစံငယ်ကို စွန့်ပစ်ပစ္စည်းများအသုံးပြုကာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်းယန်မြို့နေ အသက် ၇၃ နှစ်အရွယ်ရှိ ကျင်းကျန်ချင်း Jing Zhenqing ဆိုသူ အဖိုးအိုက အချိန် ၃ နှစ်ကြာ ဖန်တီးပြုလုပ်ပေးခဲ့သည်။ အဆိုပါ ရထားပုံစံငယ်အတွက် သံပြားများ၊ ကြေးပိုက်များနှင့်...
ကျန်းရှီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နို်င်ငံ အရှေ့ပိုင်း ကျန်းရှီပြည်နယ် ရှိ လုတောင် (Mount Lu) တွင် တိမ်စိုင်တိမ်သားများက လှပစွာဖြန့်ကျက်ကာ ရေတံခွန်သဖွယ် တသွင်သွင်စီးကျနေသည့်ရှားပါးမြင်ကွင်းများကို ရှုစားနိုင်ကြပါသည်။(Xinhua)