ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ချန်တူး၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပန်ဒါကြီးမျိုး ထိန်းသိမ်းရေးနှင့် သုတေသနစင်တာတွင် မတ်လ ၁၇ ရက်က ထိန်းသိမ်းစောင့်ရှောက်ထားသော ပန်ဒါကြီးမျိုးမှ ကမ္ဘာ့ပထမဆုံး ပန်ဒါအမြွှာမွေးဖွားခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား နှစ်ဦးတွင် COVID-19 ရောဂါ ဖြစ်ပွားနေကြောင်း ယနေ့ မတ် ၁၈ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံ အတွင်း ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၃၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ပါရီ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇,၇၃၀ဦး ရှိလာရာ ပြီးခဲ့သောရက်ကထက် ၁,၀၉၇ ဦးထပ်တိုးလာကြောင်း ပြင်သစ် ကျန်းမာရေးဌာန အကြီးအကဲ Jerome Salomonက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။