ရာဘက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ ရေတပ်သည် မြေထဲပင်လယ်အတွင်း အာဖရိကမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၂၉၈ဦးကို ကယ်ဆယ်ခဲ့ပြီး ရုပ်အလောင်း ၂လောင်းကို ဆယ်ယူရရှိခဲ့ကြောင်း မော်ရိုကို စစ်တပ်က ဒီဇင်ဘာ ၁၁ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ဦးလှအေးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် အတည်ပြုခဲ့သည်။
ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရှိ IS စစ်သွေးကြွတို့၏ ယခင်ခြေကုပ်စခန်းဟောင်းတစ်ခုတွင် ရာနှင့်ချီသော လူသေအလောင်းများမြှုပ်နှံထားသည့် ဂူသချုႋင်း ၇ ခု ကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA က ဒီဇင်ဘာ ၁၁ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်( တောင်ပိုင်း )ရှိ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်း မွေတော် ကက္ကူ ဘုရားများ အနက် ဘုရားစေတီ ၅၆၄ ဆူအား ပြုပြင် ဆောင်ရွက်ပြီးကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ထံမှ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့တွင် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။