ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာ လက်ရွေးစင် ယူ-၂၁ ဘောလုံးအသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ U21 INTERNATIONAL FOOTBALL TOURNAMENT 2018 ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသွားကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၁၁ ရက်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့၏ ယာဉ်တန်းတစ်ခုအား အသေခံကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗုံးဖောက်ခွဲသူတစ်ဦး သေဆုံးသွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Caen မြို့ ဒေသခံအကောက်ခွန် စီမံခန့်ခွဲရေး တာဝန်ရှိသူများက Caen လေဆိပ်တွင် ကိုကင်း ၁၆၆၂ ကီလိုဂရမ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် ငွေစာရင်းများဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေချိုခရုမှ တစ်ဆင့် ကူးစက်တတ်သော သံပြားကောင် ရောဂါ(Schistosomiasis) ကူးစက်မှု ထိန်းချုပ်ရေး အတွက် လုပ်ငန်း စီမံချက် တစ်ခု ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ မြို့များ၌ တရားမဝင်သစ်များအား ဖမ်းဆီးရာ တစ်ပတ်အတွင်း တန် ၁၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။